Wednesday, July 11, 2012

လွမ်းချင်း

ကြယ်တွေရဲ့အလင်းနဲ့ လှချင်တိုင်းလှနေတဲ့
မိုးကောင်းကင်အောက် မှာ နတ်သမီးတွေကနေတာကို ကိုယ်တွေ့ခဲ့တယ်
အဲဒီနေ့က ဘုရားသခင်ကဒီလောကကြီးကို အပြာရောင်နဲ့ဖုံးအုပ်ထားခဲ့တယ်
အမဲလိုက်ဖို့သွားတဲ့ငါ့ရဲ့ခြေထောက်တွေက နတ်သမီးတစ်ပါးရဲ့နှစ်လိုဖွယ်အကြည့်တွေကြောင့်
ငါ့ခြေလှမ်းနဲ့ ငါ့ရင်ဘတ်ဟာတစ်မိနစ်လောက် အေးခဲသွားခဲ့တယ်
ကိုယ်အသိပြန်ဝင်လာတဲ့အချိန်မှာ နတ်သမီးဟာကိုယ့်ဘေးမှာရောက်နေခဲ့တယ်

စိတ္တဇည

မဟူရာညချမ်း
မှောင်ပိန်းလို့ကန်း
ဘယ်အခြမ်းကိုကြည့်ကြည့် ဘာမှမသိ
ညာအခြမ်းကိုကြည့်ကြည့် ဘာမှမသိ

မေတ္တာစစ်

စစ်မှန်တဲ့မေတ္တာက
ဘယ်သောအခါမျှမပျက်ပြယ်ဘူး။
တစ်ကယ်လို့မင်းဟာတစ်မလွန်ဘဝရောက်သွားရင်တောင်မှ
ငါ့နှလုံးသားထဲမှာတော့မင်းကိုချစ်နေဆဲပါ။
သူများတွေအဖို့မင်းဟာသေဆုံးပျောက်ပျက်သွား ပေမယ့်
ငါ့ရင်ထဲမှာတော့မင်းဟာ အသက်ရှင်ဆဲပါ။
ငါ့နှလုံးသွေးပျက်ပြီး ငါ့ဇဝိန်ချွေသွားရင်တောင်မှ
မင်းကိုချစ်တဲ့အကြောင်းရေးဖွဲ့ထားတဲ့ ဒီကဗျာလေးက
ဆက်လက်အသက်ရှင်အုံးမယ်။

looked

looked inside my heart,you will feel my love,
like a silver star dancing your name across the heaven  
looked inside my soul,you will feel my love,
like the ocean wave flowing gently into your heart

Wednesday, July 28, 2010

မင်းကို

မင်းကို....
တစ်ခဏတာတွေ့ရပေမယ့်
ဘဝတစ်သက်စာအတွက်ရင်ခုန်နေမိတယ်...

ဒီဆောင်းရယ် ဒီမြူလေးတွေရယ် အားလုံးဟာအမှတ်ရစရာတွေနဲ့
နှလုံးသားရဲ့စာမျက်နှာမှာ ကဗျည်းထိုး၊နေရာယူဆဲပါ...

ဆောင်းကိုနှစ်သက်တဲ့ကိုယ်နဲ့ နှင်းကိုချစ်တဲ့မင်းနဲ့ငါဟာ
နှလုံးသားချင်းနီးစပ်ခဲ့ကြတယ်...

အချိန်တွေကိုနောက်ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်
ဟိုအရင်တစ်ချိန်တွေကိုတော့ ငါတမ်းတ မက်မောဆဲပါ
ချစ်သူရယ်...

Sunday, July 25, 2010

ပြောပြပေးပါ

နေမင်းကြီးရယ်....
သူ့ကိုတွေ့ရင်ပြောပြပေးပါ ကျွန်တော်သူ့ကို
ဘယ်လောက်ချစ်တယ်ဆိုတာကို
လမင်းကြီးရယ်....
သူ့ကိုတွေ့ရင်ပြောပြပေးပါ ကျွန်တော်သူ့ကို
ဘယ်လောက်မြတ်နိုးတယ်ဆိုတာကို
ကြယ်စင်လေးရယ်....
သူ့ကိုတွေ့ရင်ပြောပြပေးပါ ကျွန်တော်သူ့ကို
ဘယ်လောက်လွမ်းနေတယ်ဆိုတာကို
ကျွန်တော်သူ့ကိုဘယ်လောက်....

Saturday, July 24, 2010

လေညင်းလေး

တိုးတိတ်မက်မောစွာနဲ့လွမ်းဆွတ်ခဲ့ရသူ....
ပူပြင်းတဲ့နွေဦးမှာ ချွေးစက်တို့မြေခစဉ်
အေးမြတဲ့လေညင်းကြောင့် ကမ္ဘာတစ်ခုလို့ထင်မှတ်ချိန်
နှူတ်မဆက်ပဲ ချန်ရစ်သူ....
အလွမ်းများကဒီရင်ကိုတိုက်စားလို့ ကျန်ခဲ့တဲ့ဒဏ်ရာက
ဒီမိုးမကူးခင်မလွမ်းချင်တော့ဘူး