Wednesday, July 28, 2010

မင်းကို

မင်းကို....
တစ်ခဏတာတွေ့ရပေမယ့်
ဘဝတစ်သက်စာအတွက်ရင်ခုန်နေမိတယ်...

ဒီဆောင်းရယ် ဒီမြူလေးတွေရယ် အားလုံးဟာအမှတ်ရစရာတွေနဲ့
နှလုံးသားရဲ့စာမျက်နှာမှာ ကဗျည်းထိုး၊နေရာယူဆဲပါ...

ဆောင်းကိုနှစ်သက်တဲ့ကိုယ်နဲ့ နှင်းကိုချစ်တဲ့မင်းနဲ့ငါဟာ
နှလုံးသားချင်းနီးစပ်ခဲ့ကြတယ်...

အချိန်တွေကိုနောက်ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်
ဟိုအရင်တစ်ချိန်တွေကိုတော့ ငါတမ်းတ မက်မောဆဲပါ
ချစ်သူရယ်...

No comments:

Post a Comment